ကရင်နီပြည်၊ သံလွင်အမြစ် အရှေ့ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် စစ်ကောင်စီတပ်တွေ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း ပို့ဆောင်မှုကို ရှမ်းလက်နက်ကိုင်တွေဖြစ်တဲ့ RCSS နဲ့ ပြည်သူ့စစ် ဖြစ်တဲ့ SSS အဖွဲ့တွေက ကူညီပေးနေတယ်လို့ ကရင်နီပြည် ပြည်ထဲရေးဝန်ကြီး ဦးခူညေးရယ်က ဒီကနေ့ မေလ ၁၆ ရက်မှာ မဲခေါင်သတင်းဌာနကို ပြောပါတယ်။