စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အကျဥ်းထောင်အနီး ယနေ့ (မေလ ၁၆) နံနက်ပိုင်းတွင် တော်လှန်လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လူငယ်များက “ခေတ်သစ်ရောက်ဖို့ အာဏာရှင်မှန်သမျှ မောင်းထုတ်စို့”၊ “China Stop.Killing Myanmar People by Supporting Fascist Criminals” စသည့် အာဏာရှင်ဆန့်ကျင်ရေး စာရွက်များကို ပြည်သူများထံ ဖြန့်ဝေခြင်း၊ မုံရွာအကျဥ်းထောင်အနီးတွင် ဖြန့်ကြဲခဲ့ကြသည်။
ယင်းဆန္ဒပြလှုပ်ရှားမှုကို “မုံရွာလူငယ်များအစည်းအရုံး”မှ လူငယ်များက ဦးဆောင်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။