လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ် ကော်မတီ (DDMSC) မှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ မေလ ၁၆ ရက်နေ့တွင် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။