ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ပျက်စီးခဲ့ရတဲ့ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရက ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ကျပ်သိန်း တစ်ထောင်လှူဒါန်းခဲ့တယ်လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်က အသိပေး ဖော်ပြခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရက ရခိုင်မှာ ကြုံတွေ့နေရတဲ့ မုန်တိုင်းနောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများမှာ အသုံးပြုဖို့ လူသားချင်းစာနာထောက်ထားမှုနဲ့ လှူဒါန်းလာတဲ့ ငွေကျပ် သိန်း ၁၀၀၀ ကို ကောင်းမွန်စွာ လက်ခံရရှိတယ်လို့ ဖော်ပြခဲ့တာပါ။
“ရခိုင်ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ အခုလို မိတ်ဆွေ ပီသစွာ ပံ့ပိုးကူညီမှုများအပေါ် ရခိုင်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ လှိုက်လှဲစွာ ကျေးဇူးတင်တယ်” လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ နဲ့ AA ရဲ့ စစ်ဦးစီးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အသုံးပြုဖို့အတွက် ကေအိုင်အို ဗဟိုဌာနချုပ်က ကျပ်သိန်း ၃၀၀၀ နဲ့ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ / မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) ကလည်း ကျပ်သိန်း တစ်ထောင်လှုဒါန်းခဲ့ပါတယ်။