ပြည်သူ့ ကာကွယ်ရေး တပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါ ခရိုင်အမှတ် ၁၃ တပ်ရင်းမှ ရဲဘော်များနှင့် မကွေးတိုင်း ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများ မေလ ၁၈ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။
မကွေးတိုင်း ကွပ်ကဲရေးမှူးမှ ဂန့်ဂေါ ခရိုင်အမှတ် ၁၃ တပ်ရင်းရှိ ရဲဘော်များအား စည်းကမ်းပြည့်ဝသော ပြည်သူ့ ကာကွယ်ရေး တပ်မတော်သားများ ဖြစ်လာစေရေးအတွက် အမှာစကားပြောကြားပေးခြင်း ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်နက်အချို့ တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။