စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – kurdaf ထံမှ သိရသည်။
မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“ခင်ဦးမြို့နယ် ကံသစ်ကျေးရွာကို ရွှေဘိုဘက်ကနေ လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ခွေး စစ်ကြောင်းက မီးရှို့နေပါတာ အနီးနားက နှောကုန်း၊ မောက်ပြည့်၊ ဂွေးကုန်း ကံသစ်၊ မြစ်တော် စတဲ့ ကျေးရွာတွေက ဒေသ ပြည်သူ ၁၈၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။