ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ မေလ ၁၈ ရက်နေ့၊ မနက် ၁၁ နာရီ ဝန်းကျင်က ကား ၁၀ စီးပါ စစ်ကောင်စီတပ် ယာဉ်တန်း ဖြတ်သန်းစဉ် ယာဉ်တန်းပေါ်က ရမ်းသန်းပစ်လို့ ပြည်သူ ၃ ဦး ထိခိုက်သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ငယ်နဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက် ပေမယ့် အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
“ယာဉ်တန်းက ဖြတ်သွားတဲ့ အချိန် ကားလမ်း ပိတ်နေတော့ ရှေ့က စစ်ကားက ပြည်သူကို ခြောက်လိုက်တာ၊ အဲဒါနဲ့ တခြား စစ်သားတွေက လန့်ပြီး ရမ်းပစ်လိုက်တာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ် စစ်ယာဉ်တန်းဟာ လွိုင်ကော်မြို့ထဲ ဝင်ရောက်သွားပြီး ကရင်နီပြည်ကို အင်အား လာဖြည့်တာလို့ ဒေသခံ ပြည်သူ တစ်ဦးက ပြောပါတယ်။