စစ်ကိုင်းတိုင်း အင်းတော်မြို၊ ညောင်ပင်စုရပ်ကွက် သံလမ်းကျော်မှာ မေ ၂၀ ရက် မနက်က စစ်တပ်လက်အောက်ခံ ရဲနဲ့ စစ်သားတွေပေါင်ပြီး ကား၊ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။
အင်းတော် PDF တပ်ဖွဲဝင်တဦးက “PDF လို ဆိုပြီး ဖမ်းခံရတာတွေရှိတယ်။ ဘယ်သူတွေ ဆိုတာတော့ မသိဘူး။ အင်းတော်မှာ နေ့တိုင်းလိုလို ဖမ်းနေတာ။ မနက် ၁၀ နာရီလောက်ကလည်း အင်းတော်ကနေ ဗန်းမောက်ဘက်အထွက်လမ်း အောင်မင်္ဂလာရပ်ကွက် ချောင်းကမ်းဘေးလမ်းမှာ လာသမျှ ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးနေတာ။ အင်းတော်မှာက အမျိုးသမီးတွေရော၊ အမျိုးသားတွေရော နေ့တိုင်း ဖမ်းခံနေရတာ။ သူတို မသင်္ကာတဲ့ လူမှန်သမျှ အကုန်ဖမ်းနေတာ။ တချိုတလေဆို မိဘတွေကို ခေါ် အာမခံခိုင်းပြီး လွှတ်ပေးတယ်၊ တချိုကျတော့ မလွတ်ပေးဘူး” လို ပြောပါတယ်။
စစ်တပ်လက်အောက်ခံ Telegram Channel နဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ အင်းတော်မြိုမှာ PDF တွေ ဖမ်းမိတယ်ဆိုပြီး ရေးသားထားပါတယ်။
မေ ၁၃ ရက်ကလည်း အင်းတော်မြို စစ်ဆေးရေးဂိတ်မှာ ဓာတ်ပုံနဲ့ လူနဲ့တွဲကာ တိုက်ပြီးစစ်ဆေးရာမှ အမျိုးသမီး ၂ ယောက် ဖမ်းဆီးခံရတယ်လို Indaw Revolution-IR အဖွဲက ထုတ်ပြန်ပါတယ်။
မတ် ၁၉ ရက် နဲ့ ၂၀ ရက်ကလည်း အင်းတော်မြိုပေါ်မှာ အမျိုးသား ၃ ယောက်ကို PDF လို စွပ်စွဲကာ ဖမ်းဆီးခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။