ပုလဲမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် မိုးရွာသွန်းမှု များပြားပြီး ပြည်သူများ အသုံးပြုနေသော ပျက်စီးသွားသည့် လမ်းပိုင်းကို ABSDFနှင့် PDF ရဲဘော်များက ပူးပေါင်း ပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျက်စီးသွားသော လမ်းနှင့် တံတားတို့ကို ABSDF Column – 3 မှ ရဲဘော်များ ၊ ပ.အ.ဖ ၊ ပ.က.ဖ ၊ PDF တပ်ရင်းများက ပူးပေါင်း ပြင်ဆင် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။