မေလ ၁၄ ရက်နေ့ တိုက်ခိုက်သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ချင်းကျေးရွာပြည်သူများသည် တစ်ပတ်ကျော်ကြာထိ ကိုယ့်အစီစဉ်ဖြင့် စားသောက်နေရပြီး အကူညီများ လိုအပ်နေကြောင့် သတင်းရရှိသည်။
မြေပုံမြို့နယ်ရှိ ချင်းကျေးရွာများဖြစ်သည့် ငရွှေပြင်ရွာ၊ သရက်တောရွာ၊ လေးတူရွာနဲ့ အခြား ချင်းကျေးရွာများသည် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနေအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ သောက်သုံးရေကန်တို့ ထိခိုက်ပျက်စီးသွားသည်။
၎င်းကျေးရွာရှိ ချင်းပြည်သူများသည် ကိုယ့်ထူကိုယ်ထ နေအိမ်များကို ပြန်လည်တည်ဆောက်နေရပြီး လိုအပ်သည့် အစားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများစသည့် အကူညီများ၊ ထောက်ပံ့မူများ လုံးဝမရရှိသေးဘဲ၊ အကူညီများ လိုအပ်သည်ဟု သိရှိရသည်။
ထိုအပြင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်ရှိ ချင်းရွာများ လူနေအိမ်၊ စာသင်ကျောင်း၊ ဘုရားရှိးခိုးကျောင်း၊ ဥယျာဉ်ခြံလည်း ထိခိုက်ပျက်စီးပြီး အကူညီများ လိုအပ်လျက်ရှိသည်။