စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ရန်ကုန်မြို့တစ်နေရာတွင် “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ”ဟု စာတန်းအား ချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယနေ့ (မေလ ၂၅ရက်)တွင် စစ်ကောင်စီတပ်များ လုံခြုံရေးအင်မတန် တင်းကြပ်နေသည့်ကြားမှ ရန်ကုန်မြို့တစ်နေရာတွင် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)က အဆိုပါ စာတန်းအား ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ပြည်သူတစ်ယောက်ချင်းစီတိုင်း၏ လူ့အခွင့်အရေးများ ဆုံးရှုံးနေရခြင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သောနည်းလမ်းများဖြင့် မတရားဖိနှိပ်အုပ်ချုပ်နေသောကြောင့်ဖြစ်သည်။ပြည်သူလူထု၏ အာဏာ၊အခွင့်အရေးများ၊လုံခြုံအေးချမ်းသော ဘဝနေထိုင်မှုအခြေအနေများကို ဤနွေဦးတော်လှန်ရေးကြီးဖြင့် ပြန်လည်သိမ်းပိုက်ကြရန်၊တော်လှန်ရေးတွင် မိမိ တတ်နိုင်သည့် နေရာမှအင်တိုက်အားတိုက်ပါဝင်ပေးပါရန် ကျွန်ုပ်တို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)မှ အလေးအနက်တောင်းဆိုသည်”ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ထုတ်ပြန်သည်။