ကချင်ပြည်နယ် ရွှေကူမြို့နယ်အဆုံး ရှမ်းပြည်နယ် မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအစပ် ကောင်းကင်သာကျေးရွာ၌ တပ်စွဲနေသော စစ်ကောင်စီတပ်ကို KIA နှင့် PDF တို့က ယမန်နေ့ မေလ ၂၄ ရက်နေ့တွင် သွားရောက်တိုက်ခိုက်ကြောင်း သိရသည်။
နံနက်ပိုင်းမှ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်သား ၈ ယောက်သေကာ ၅ ယောက်ဒဏ်ရာရရှိသည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။