“တရားမျှတမှုအတွက် တိုက်ပွဲဝင်ရုံမှတပါး အခြားမရှိ”ဆိုတဲ့ ဘန်နာကိုင်ဆွဲကာ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်တဲ့ လူထုသပိတ်လှုပ်ရှားတစ်ခု ဒီကနေ့ နေ့လယ်က ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ကာ ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်သူလူထုတရပ်လုံးအနေနဲ့ ဒီမိုကရေစီရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် စစ်အာဏာရှင် စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်မှု အလျဉ်းမျှမလုပ်ဆောင်ကြဘဲ ပြင်းပြင်းထန်ထန် ဆန့်ကျင်သပိတ်မှောက်သွားကြဖို့ သပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။