မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်၊ တောကျောင်းကြီး ဘုန်းကြီးကျောင်းမှ ဘုန်းကြီး ၃ ပါးကို PDF ထောက်ပံ့လို့ဆိုပြီး စစ်ကောင်စီက အကြမ်းဖက်ပုဒ်မ နဲ့ ထောင်ဒဏ် ၂၂ နှစ်စီ ချလိုက်ပါတယ်။
ဘုန်းကြီး ၃ ပါးဟာပုသိမ်ကြီး မြို့နယ် ၊ပျော်ဘွယ်ကျေးရွာမှာရှိတဲ့ တောကျောင်းကြီး ဘုန်းကြီးကျောင်းမှာ သီတင်းသုံးကြတာဖြစ်ပြီး မေလ ၂၃ ရက်က ထောင်ဒဏ်ချခံရတာလို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။
အကြမ်းဖက်ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ်အသီးသီးချလိုက်တာလို့လည်းသိရပါတယ်။
အခုလိုထောင်ချခံရတဲ့ ဘုန်းကြီး ၃ ပါး ကို ပြီးခဲ့တဲ့နှစ် ကုန်ပိုင်းက စစ်ကောင်စီတပ်က အင်အားသုံးပြီး ဘုန်းကြီးကျောင်းထဲဝင်ရောက်ဖမ်းဆီးခဲ့တာပါ။