တပ်ဖွဲ့စည်းကမ်းများ ဖောက်ဖျက်ကျူးလွန်ခဲ့တဲ့ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF Khayan တပ်ဖွဲ့ဝင် ၉ ဦးကို တပ်ဖွဲ့ဝင်အဖြစ်မှ တရားဝင် ထုတ်ပယ်လိုက်ကြောင်း PDF Khayan က ထုတ်ပြန်ပါတယ်။
ထုတ်ပယ်ခံလိုက်ရတဲ့ PDF Khayan တပ်ဖွဲ့ဝင်များမှာ ရဲဘော်ယက္ခ၊ ရဲဘော်အနောက်၊ ရဲဘော်PK၊ ရဲဘော်တွတ်ပီ၊ ရဲဘော်မန်းကီး၊ ရဲဘော်ဇင်ယော်၊ ရဲဘော်တိုးပွား၊ ရဲဘော်စူပါမန်း၊ ရဲဘော်မြမောင်(ခ)ဒလန်ကြီး တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရဲဘော် ၉ ဦးဟာ တပ်ဖွဲ့ စည်းကမ်းများ မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်တဲ့ အတွက် PDF Khayan တပ်ဖွဲ့ဝင် ရဲဘော်များ အဖြစ်မှ ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။