စစ်ကိုင်းတိုင်းရွှေဘို ခရိုင်အတွင်းမှာ ရှိတဲ့ စစ်ရှောင်စာသင်ကျောင်းက ကလေး ၃၀ အတွက် Solar power station တွေကို S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က မဲစနစ်နဲ့ ရွေးချယ်ကာ ထပ်မံတပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ S&C အဖွဲ့ က ပေးအပ်ခဲ့တဲ့ solar power station အလုံးအရည်အတွက် မှာ ၈၂လုံး အထိ တပ်ဆင်ပေးခဲ့နိုင်ခဲ့ပါပြီလို့ သိရပါတယ်။
ဆက်လက် တပ်ဆင်ပေးဖို့ များစွာ ကျန်နေသေးလို့ ပြည်တွင်း ပြည်ပ အလှူရှင်တွေက ပါ၀င်ကူညီနိုင်ဖို့ S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်းနိုးဆော်ထားပါတယ်။