ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) -မင်းတပ်ကို ရန်ပုံငွေ ထည့်ဝင်သူများအနေနဲ့ ဌာန ၊ ဗျူဟာ၊ တပ်ရင်း၊ တပ်ခွဲ၊ တပ်စု၊ တပ်စိတ် အလိုက် တဖွဲ့ခြင်း ပံပိုးခြင်း မပြုဘဲ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ဗဟို ဘဏ္ဏာငွေရှာဖွေရေး ကော်မတီ ကို တိုက်ရိုက် ချိတ်ဆက် ထည့်ဝင် လှူဒါန်းတယ်လို့ CDF က ဒီနေ့မှာ ထုတ်ပြန်ချက် အသိပေးလိုက်ပါတယ်။
အခုလို လုပ်ဆောင်ရတာက ပိုမိုကျစ်လစ်တဲ့ တပ်ရင်း ၊ တပ်ဖွဲ့တွေအဖြစ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့အတွက်ကြောင့် ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။
ဒါအပြင် ချင်းကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်) ရဲ့ ရိက္ခာ၊ လက်နက်ခဲယမ်း အင်အား ပိုမိုခိုင်မာ တောင့်တင်း လာစေရေး အတွက် ဗဟို ဘဏ္ဏာငွေ ရှာဖွေရေး ကော်မတီကို ဖွဲ့စည်းပြီး ရန်ပုံငွေ များအားလုံးကို ဌာနချုပ် တခုတည်းမှ စီးဆင်းနိင် စေရေး သဘောတူ ဆုံးဖြတ်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ပြုလုပ်ခဲ့တဲ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေအရ စည်းကမ်းပြည့်ဝပြီး ပိုမိုကျစ်လစ်တဲ့ တပ်ဖွဲ့တစ်ခုအဖြစ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။