စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ တောင်မွှာရွာရှိ စစ်ဘေးရှောင် ပြည်သူများကို တမာရင်ခွင် လူမှုကူညီရေးအသင်းက ယနေ့ မေလ ၃၀ ရက်နေ့တွင် စားသောက်ကုန် ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
တောင်မွှာရွာရှိ အိမ်ခြေ ၁၄၀ အတွက် ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်၊ ကြက်သွန်နှင့် အသားတု စသည့် ရိက္ခာ ၆ မျိုးကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။