စစ်ကိုင်းတိုင်း၊ ရွေဘိုမြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Myanmar Defense Fore – Shwebo က တပ်တည်ထောင်ခြင်း ( ၂) နှစ်ပြည့်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲပေါင်း (၁၀၀)နီးပါး ဆင်နွှဲခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ (၅၀) ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့တပ်ဖွဲ့ တည်ထောင်ကတည်းက စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း (၁၀၀) နီးပါး ဖြစ်ပါတယ်း အဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ( ၅၀)ကျော်လောက် သေတယ်။ အယောက် (၁၀၀) ကျော် ထိခိုက်ဒဏ်ရာရတယ်။ ကျွန်တော်တို့ MDF ရွှေဘို တပ်ဖွဲ့က အခုချိန်ထိ သေဆုံးမူမရှိသေးဘူး”လို့ ပြန်ကြားရေးတာခံက Zalen ကို ပြောပါတယ်။
လက်ရှိ စစ်ကောင်စီက ရွှေဘိုမြို့နယ်အတွင်း နယ်မြေစိုးမိုးရေးလုပ်ဆောင်ရန်အတွက် ကျေးရွားများတွင် စစ်ကြောင်းထိုးပြီး ကျေးရွာနေ ပြည်သူများအား ခြိမ်းခြောက်မူများ ပြုလုပ်နေကြောင့် သိရှိရတယ်။
“ပြည်သူတွေ ထောက်ပံ့မူနဲ့ ရပ်တည်နေတဲ့ ကျွန်တော်တို့ MDF ရွှေဘိုဟာ စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်နှင့်အညီ စစ်အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ စိတ်ဓာတ် လုံးဝ မကျသွားဘဲ ဆက်လက်တောင့်ခံပေးရန်” MDF ရွှေဘို ပြန်ကြားရေးတာဝန်ခံက Zalen ကို ပြောပါတယ်။