ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြိုနယ် ရမ်းဘို ရွာမှာ ရှိတဲ့ စာသင်ကျောင်းနဲ့ ဆေးပေးခန်းကို စစ်ကောင်စီ လေတပ် က ဇွန်လ ၁ ရက် နေ့ ညပိုင်းနဲ့ ဇွန်လ၂ ရက်နေ့ နံနက်ပိုင်း မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲခဲ့ပါတယ်။
“တိုက်ပွဲဖြစ်တာလည်းမရှိသလို ရမ်းဘိုရွာက အေးဆေးငြိမ်သက်နေတာကို မနေ့ ည ၁၀ နာရီ ခွဲ လောက်က လေယာဉ်နဲ့ ဗုံးလာကျဲတာ ။ ဗုံး ကလည်း စာသင်ကျောင်း တည့်တည့် ကျတာ ပြီးတော့ စာသင်ကျောင်းနဲ့ ဆေးခန်းက ကပ်လျက်ပဲ ဆိုတော့ စာသင်ကျောင်း က အကုန်ပျက်စီး ပြီးတော့ ဆေးခန်း ရော ပြိုသွားတယ်” လို ရမ်းဘိုရွာသား ကိုရန်နိုင်မျိုးက ပြောပါတယ်။
တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကျဲတာမို ကျေးရွာပြည်သူတွေက ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
“အခု မနက်ထိ ကို ဗုံးကျဲနေတာမို ပြည်သူတွေလည်း တောထဲ ထွက်ပြေးနေရတာ ဆိုတော့ သွားလည်း မကြည့်ရဲဘူး။ ရွာထဲကလူတွေသေဆုံးတာ ထိခိုက်တာတွေ ရှိတယ်လိုတော့ ကြားတယ်။ညက ဗုံးလာကျဲတော့ ၆ ဦး၊ ၇ ဦးလောက် သေတယ်လို ကြားတယ်။ အခုမနက်ထပ်လာ ကျဲတော့ အထက် ရမ်းဘို တစ်ရွာလုံးနီးပါး ပျက်စီး သွားတယ်။ အခုဖုန်း ဆက်နေတုန်းကို ဗုံးကျဲ နေတာ” လို ဒေသပြည်သူ မချို ကပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်မှုကြောင့် မဘိမ်းမြိုနယ်မှာရှိတဲ့ ခိုတာရွာ ၊ ရမ်းဘိုရွာ ၊ မယ်ဇလီရွာ စတဲ့ အနီးနားရွာများမှာ ရှိတဲ့ ပြည်သူ(၁၀၀၀)နီးပါး အားလုံး နီးစပ်ရာ တောထဲကို ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီ အနေနဲ့ မဘိမ်းမြိုပေါ်မှာ ရှိတဲ့ မြိုမိမြိုဖတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို လည်းသိရပါတယ်။