ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြို့နယ်က ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP/SSA တပ်စခန်းတစ်ခုပေါ်ကို ဒီကနေ့ မနက်ပိုင်း စစ်တိုက်လေယာဥ် ပျံ၀ဲနေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လဲချားမြို့နယ် တစ်နေရာက SSPP တပ်စခန်းပေါ်ကို
ဂျက်ဖိုက်တာ လေယာဥ် ပျံ၀ဲနေတာဖြစ်ပြီး ဘာအတွက်ကြောင့် အခုလို ပျံ၀ဲနေလဲဆိုတော့ မသိဘူးလို့ သူကပြောပါတယ်။
“တိုက်ပွဲတွေ ဖြစ်တာလည်း မရှိပါဘူး။ SSPP တပ်စခန်းပေါ်မှာ ပျံ၀ဲနေတာ။ ကြဲတော့ မကြဲသွားပါဘူး။ လဲချားမြို့နယ်မှာက သိတဲ့ အတိုင်း RCSS နဲ့တိုက်ပွဲတွေပဲ ရှိတာလေ။ စစ်ကောင်စီနဲ့ တိုက်ပွဲတွေတော့ မရှိပါဘူး။ ဘာကြောင့်အခုလို လာပျံ၀ဲပြလဲတော့ မသိပါဘူး” လို့ သူကပြောပါတယ်။
လဲချားမြို့နယ်မှာ ပြီးခဲ့တဲ့ မေလလယ်ထိ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲတွေ ပြန်ငြိမ်နေတာ ရက်ပိုင်းခန့် ရှိနေပြီ ဖြစ်ပါတယ်။