မကွေးတိုင်း၊ ချောက်မြို့နယ်ထဲမှာ စျေးဝယ်ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် အမှတ် (၂၁) ကာကွယ် ရေးပစ္စည်းစက်ရုံက တပ်ကြပ်ကြီးတဦးကို ပစ်ခတ်ရှင်းလင်းရာ ေ-ဆုံးခဲ့တယ်လို့ Chauk Guerrilla Force C.G.F ( ချောက်မြို့နယ် ပြောက်ကြားတပ်ဖွဲ့)က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
ဒီနေ့ ဇွန် ၂ရက် မနက် ၉နာရီဝန်းကျင်က ကပစ (၂၁) က ဆိပ်ဖြူ မြို့ နဲ့ ချောက်မြို့ကို ဈေး အဝယ်တော် စေခိုင်းထားတဲ့ ကပစ (၂၁) က တပ်ကြီးကြီး အောင်သူတင့် (တိုက်ကြက်)စီးလာတဲ့ ကားကိုချောက်မြို့နယ်၊ အမှတ် (၁၁)ဗဟိုကွက်သစ် ကျောင်းအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လျှပ်တပြတ်ဝင်ရောက် ပစ်ခတ်ခဲ့တာပါ။
အဲဒီ ကပစ (၂၁) ကားကို ရှင်းလင်းဖို့ ရည်ရွယ် ခဲ့ပေမယ့် ကားပေါ်မှာ အပြစ်မဲ့ ပြည်သူတွေ ပါရှိတာကြောင့် စစ်ဆင်ရေးကို ဖျက်သိမ်းကာ အကြမ်းဖက်စစ်တပ်က တိုက်ကြက်နောက်ကိုသာ ရှောင်တခင် ဝင်ရောက် လိုက်လံကာ လူရှင်းတဲ့ နေရာမှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ကပစ (၂၁) အဝယ်တော် တိုက်ကြက်ဟာ ကပစ (၂၁) က ကြည်း ၆၂၄၈၇ ဗိုလ်ကြီးရန်နိုင်ရဲ့ တပည့်အရင်း ဖြစ်ပြီး တိုက်ကြက်ဆိုသူဟာ တပ်ကြပ်ကြီး အောင်သူတင့် ဖြစ်တယ်လို့ သိရပါတယ်။
၎င်းထံကနေ ငွေသား သိန်းလေးဆယ်ကျော်နဲ့ ဖုန်းတစ်လုံး၊ ဗိုလ်ကြီးရန်နိုင်ရဲ့ ဘဏ် စာအုပ်တွေ၊ ချက်လက်မှတ် တစ်စောင်၊ ATM ကဒ်တွေနဲ့ ထိပ်တန်း လျှို့ဝှက် စာရွက်စာတန်းတွေ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ချောက်မြို့နယ် ပြောက်ကြားတပ်ဖွဲ့ ဆိုပါတယ်။
ဒီ စစ်ဆင်ရေးကို ချောက်မြို့နယ် ပြောက်ကြား တပ်ဖွဲ့ ( C.G.F ) နဲ့ ချောက် ( ပကဖ ) အဖွဲ့ ၊ KF People Defence Force ၊ ရေနံချောင်း ဖေကံကောင်းအဖွဲ့ ၊ MVP Revolution Force တို့က ပူးပေါင်း ဆောင်ရွက်ကာ ရှင်းလင်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
C.G.F ( ချောက်မြို့နယ် ပြောက်ကြားတပ်ဖွဲ့ ) ဟာ စစ်ဆင်ရေးတွေ ဖော်ဆောင်လို့ ရတဲ့ နေရာဒေသ အသီးသီးကို အချိန် အခါမရွေး သွားရောက်ကာ တိုက်ခိုက်နေတာကြောင့် ကျည် လိုအပ်ချက် များ ဖြစ်ပေါ်နေပြီး မိုးတွင်း စာနပ်ရိက္ခာအတွက်လဲ လိုအပ်နေတာကြောင့် ထောက်ပို့ ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။