မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုးပင်ရွာအနီး အထည်ချုပ် စက်ရုံ၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ Young FOrce UG မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာအနီးရှိ အထည်ချုပ် စက်ရုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဒရုန်း ၅ စီးဖြင့် အီနာဂါ ဗုံးသီး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်သားများ ထိခိုက် ဒဏ်ရာ ရရှိသူ များပြားပြီး မြို့ထဲမှ လူနာလာခေါ်သည့် စစ်ကား ၂ စီးကို ထပ်မံ တိုက်ခိုက်ခဲ့သောကြောင့် ကားမှာ မောင်းပြေးသွားကြောင်း၊ အကြမ်းဖက် စစ်တပ် တပ်စွဲထားသေား အထည်ချုပ်ဂိတ်နှင့် အင်ပင်ဂိတ်မှ ညနေအထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ Young FOrce UG မှ ပြုလုပ်ခြင်းဖြစ်ပြီး ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရှိထားသော စစ်သားများ ခွဲခန်းထဲရောက်ရှိနေကြောင်း သိရသည်။