အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နိုလင်းဟေဇာတို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မှာ ဇွန်လ ၃ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။
အဲ့ဒီလိုတွေ့ဆုံစဉ်မှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုအပေါ်အသိအမှတ်ပြုပြီး မြန်မာ့အရေးကိုနိုင်ငံတကာက ၀ိုင်းဝန်းပူးပေါင်းအဖြေရှာဖို့လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ၂ နှစ်နီးပါတာဝန်ယူဆောင်ရွက်ခဲ့သူ မစ္စနိုလင်းဟေဇာဟာ လာမယ့် ဇွန် ၁၂ ရက်နေ့မှာ ကုလအထူးကိုယ်စားလှယ်တာဝန်ကနေ ပြီးဆုံးတော့မှာဖြစ်တယ်လို့ သိရပါတယ်။