လွတ်မြောက်နယ်မြေတစ်နေရာအတွင်းရှိ ဆိုင်ကလုန်း မိုခါမုန်တိုင်းသင့် ပြည်သူများထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်ပြီး အားပေးစကားပြောကြားခဲ့သလို ထောက်ပံ့ငွေများလည်း ပေးအပ်ခဲ့ပါတယ်။
မုန်တိုင်းသင့်ပြည်သူလူထုများထံသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ အကူအညီပေးမှုများကို အရပ်ဖက်အဖွဲ့အစည်းများနဲ့လည်း လက်တွဲဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ ယာယီသမ္မတက အသိပေးထုတ်ပြန်ထားပါတယ်။