သရက်ချောင်းမြို့၊ ပိတောက်ငယ်ရွာမှာ ရှိတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မနေ့ညက မီးရှို့ဖျက်ဆီးခဲ့တယ် လို့ သိမ်းငှက်ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
ဇွန်လ ၂ ရက် ည ၈ နာရီမှာ မီးရှို့ခဲ့တာဖြစ်ပြီး တာဝါတိုင်တွေရဲ့ စက်ပိုင်းဆိုင်ရာပစ္စည်းတွေမီးလောင်ပျက်စီးပြီးမှ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိမ်းငှက်ပြောက်ကျားအဖွဲ့ရဲ့တာဝန်ရှိသူကဆိုပါတယ်။
သိမ်းငှက်ပြောက်ကျားအဖွဲ့ဟာ ဇွန်လ ၁ ရက်ကလည်း ပိတောက်ငယ်ရွာတံတားအနီး စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
နောက်ထပ်စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားဖို့ရှိလို့ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲခရီးမသွားကြဖို့၊ စစ်ကောင်စီတပ်သားတွေနဲ့ ရှောင်ရှားနေထိုင်ကြဖို့ သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့ကမေတ္တာရပ်ခံထားပါတယ်။