မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ကျေးရွာများတွင် လူနေအိမ်အပါဝင်၊ အဆောက်အဦးများ၊ မြို့ရွာများ ပျက်စီးခဲ့ပြီး၊ နယ်ဝေးကျေးရွာတချို့အခုချိန်ထိ ကယ်ဆယ်ရေး အကူအညီများမရရှိသည့် အပြင် ရရှိသည့်ကျေးရွာအချို့ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက အခကြေးသွင်းခိုင်းသည်ဟု ဒေသခံထံက သိရှိရသည်။
“ကျွန်တော်တို့ရွာမှာတော့ တစ်အိမ်ကို ဆန် ၅ ဗူး ရတယ်၊ တစ်ရွာလုံးမှာ သံဖြူ ၂၅ ချပ်၊ မာမီခေါက်ဆွဲ ၃ ဖာ ရတယ်၊ အဲ့ဒါတွေကို တစ်ရွာလုံး မဲနှိုက်ပြီး ယူရတယ်”ဟု အမည်မဖော်လိုသူ ကျောက်တော်မြို့နယ်က မြိုဒေသခံ တစ်ဦးက ပြောပါသည်။
ထို့အပြင် မုန်တိုင်းသင့်ပြည်သူများသည် စစ်ကောက်စိီထောက်ပံ့သည့် ထောက်ပံ့ပစ္စည်းသယ်ယူစရိတ်မပေးနိုင်သည့်အတွက် အခက်ကြုံတွေ့နေကြရသည်။
ဒေသခံတစ်ဦးက ” စစ်ကောင်စီထောက်ပံ့တဲ့ ဆန် နို့ဆီဘူး (၁၂) ကို ၅၀၀ ကျပ်စီပေးရပါတယ်၊ သံဖြူတစ်ချပ်ကိုတော့ ၅၀၀၀ ပေးရတယ်၊သယ်ယူလမ်းစရိတ်အတွက်ဆိုပြီး” ဟု ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်အုပ်ချုပ်ရေးမှူးက “ကျတော်တို့ ဒီပစ္စည်းတွေ ရွာကို သယ်ယူရန်အတွက် ကားငှားရပါတယ်။ ကားခကလည်း တစ်စီးကို ၁သိန်းပေးရ “ဟု ဆိုပါသည်။