အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီနေ့ကျ ရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲပြုလုပ်တာ ၊ သစ်ပင်စိုက် ပျိုးတာနဲ့ အမှိုက်ကောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
သစ်ပင်စိုက်ပျိုးခြင်းအဖြစ်နဲ့ ပျဥ်းကတိုး၊ သစ်ပိတောက်၊ သပြေဘူတ၊ မယ်ဇလီ၊ စိန်ပန်း၊ ချယ်ရီ၊ စွယ်တော်၊ ကံ့ကော်၊ မန်ဂျန်ရှား အစရှိတဲ့ သစ်ပင်ပေါင်း ၂၀၀ ခန့်ကို စိုက်ပျိုးခဲ့ကြတယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ဒါအပြင် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဦးဆောင်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိ န်းသိမ်းရေး ဟောပြောပွဲကျင်းပတာနဲ့ ပလတ်စတစ် အမှိုက်ကောက်တာတွေပြုလုပ်ခဲ့ပြီး ဓာတ်ပုံမှတ်တမ်း တွေကို ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ရပ်မိရပ်ဖများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၃၅၀) ခန့် တက်ရောက်ခဲ့ကြတယ်လို့လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။