ဆရာအတတ်ပညာသင်ကြားပေးနေသော သင်တန်းကျောင်းသို့ ဇွန်လ ၅ ရက်နေ့မနက်ပိုင်းကစစ်ကောင်စီလေတပ်မှ တိုက်ခိုက်ရေးရဟဉ် MI-35 ဖြင့်လာရောက်ပစ်ခတ်သဖြင့် အမျိုးသား ၃ ဦး နှင့်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းသတင်းရရှိသည်။
ကလေးမြို့နယ်၊မြောက်ပိုင်းကျေးရွာများရှိ ဆရာ့အတတ်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီး မိနစ် (၃၀)အကြာတွင် ဆရာ/မများ သင်ကြားရန် အတန်းခွဲနေချိန်အတွင်း လေကြောင်း
သတင်းရရချင်း ဆိုင်ကယ်များ သစ်ပင်အောက်သို့ထားရှိရန်ပြောနေချိန် မှာပင် Mi35 ရုတ်တရက်ရောက်လာပြီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
လေယဉ်ဖြင့်ပစ်ခတ်ပြီးမကြာခင် လက်ပန်းချောင်းကျေးရွာအား စစ်ကောင်စီတပ်မှ ၁၂၀ မမ ဖြင့် ပစ်ခတ်သဖြင့်ဒေသခံ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလဲတာဝန်ရှိသူတဦးကဆိုသည်။