ချင်းပြည်နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက အများပြည်သူခရီးသွားယာဉ်များကို အသုံးပြု၍ အရပ်ဝတ်ဖြင့် ဝင်ရောက်ပြီး စစ်ဘက်ဆိုင်ရာ အင်အားဖြည့်တင်းလျက်ရှိသည်ဟု CNF က ဒီကနေ့ ထုတ်ပြန်ထားသည်။
၎င်းထုတ်ပြန်ချက်တွင် ချင်းပြည်နယ်အတွင်းသို့ အများပြည်သူခရီးသွားယာဉ်များမှ အကြမ်းဖက်စစ်တပ်၏ တပ်ဖွဲ့ဝင်၊ လက်နက်ခဲယမ်းများ၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်သည်။
ထို့အပြင် ချင်းပြည်နယ်အတွင်းသို့ ဒေသခံချင်းပြည်သူမှအပ ပြင်ပမှ ခရီးသည်များ ဝင်ရောက်ခြင်းမပြုရန်၊ အရေးကြီးကိစ္စရှိပါက သက်ဆိုင်ရာ CDF နှင့် PDF များ၏ ထောက်ခံစာဖြင့် ဝင်ခွင့်ပြုမည်ဟု ဆိုသည်။
ထိုသို့ အသိပေးထုတ်ပြန်ချက်ကို ချိုးဖောက်လျင် ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အမိန်တစ်စုံတရာ မထုတ်ပြန်မချင်း ၎င်းထုတ်ပြန်ချက်သည် အတည်ဖြစ်ကြောင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။