ကလေးတက္ကသိုလ်၊ရူပဗေဒ(တတိယနှစ်) ကျောင်းသားကိုဂျေညီညီမောင်(ခ) ဂျေညီစိုး အပေါ် အကြမ်းဖက်စစ်အုပ်စုတို့မှ ထောင်ဒဏ် (၁၆)နှစ်ထပ်မံချမှတ်သည်ဟုကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။
ကိုဂျေညီညီမောင်(ခ) ဂျေညီစိုးသည်
မတရားဖမ်းဆီးခံရသည့်အချိန်မှစ၍ ယနေ့တိုင်တိုက်ပိတ်ခံရ၍ သံခြေကျင်းခတ်ခံရသည်ဟု ခိုင်မာသည့်သတင်းရင်းမြစ်မှကြားသိရပါသည်။
ကျောင်းသားပြည်သူထုတရပ်လုံး အနေဖြင့်
မပြီးပြတ်သေးသော တော်လှန်ရေးလမ်းမထက်ပေါ် ရသည့်နည်းနာများနှင့်အတူပါဝင်တိုက်ပွဲနိုင်ရန် နှိုးဆော်အပ်ပါသည်။
အကြမ်းဖက်စစ်အုပ်စုတို့၏ သွေးစွန်းသည့်ကျွန် ပညာရေးအား သပိတ်မှောက်ကာ စစ်အာဏာရှင်ကျဆုံးသည်အထိ အတူတိုက်ပွဲဝင်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။