တော်လှန်အနုပညာရှင်တွေရဲ့ အနုပညာဖန်တီးမှုတွေကို ပရိသတ်တွေနဲ့ ပြန်လည်ထိတွေ့နိုင်ဖို့ရည်ရွယ်ထားတဲ့ Artists’ Shelter ဆိုတဲ့ ပေ့ခ်ျကို ဇွန် ၇ ရက်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။
“Music Album, Short Film, Feature Film, Documentary, Book, Exhibition, Film Festival စတဲ့ Project Plan တွေနဲ့ ရှောင်လာရတဲ့ Artists တွေရဲ့ Art Work တွေ showcase/release လုပ်နိုင်ဖို့ ရည်ရွယ်ပါတယ် ” လို့ Artists’ Shelter ရဲ့ပေ့ခ်ျမှာရေးသားထားပါတယ်။
တော်လှန်အနုပညာရှင်တွေက မြန်မာပြည်ကရှောင်လာရတဲ့ အချိန်မှာ အနုပညာတွေ ဆက်မလုပ်နိုင်တော့ဘဲ ဘဝရှင်သန်မှူအတွက် ရုန်းကန်နေရတာကြောင့် အနုပညာသမားတွေ အနုပညာဆက်လုပ်နိုင်အောင်ရည်ရွယ်တယ်လို့လည်းဆိုပါတယ်။
အနုပညာရှင်လို့ဆိုရာမှာ ဂီတ ရုပ်ရှင် ကဗျာ စာပေ ပန်းချီ ဓာတ်ပုံ စတဲ့ နယ်ပယ်စုံက လူတွေအတွက် ဖြစ်တယ်လို့ အသိပေးထားပါတယ်။
“Art Work တွေကို ဘာကန့်သတ်ချက်မှ မရှိဘဲ ဖန်တီးနိုင်ပါတယ်။ ဆိုလိုရင်းက တော်လှန်အနုပညာရှင်များ အနေနဲ့ တော်လှန်ရေး ခေါင်းစဉ်အောက်မှာပဲ ဖန်တီးရမယ်ဆိုပြီး ကန့်သတ်ထားခြင်း မရှိပါဘူး။ လွတ်လပ်စွာ ဖန်တီးခွင့်ရှိပါတယ်။ Artists’ Shelter ရည်ရွယ်ရင်းကိုက အနုပညာသမား အနုပညာ ဆက်လုပ်နိုင်အောင် ကူညီဖို့ အဓိကပါ” လို့ Artists’ Shelter ကကြေညာထားပါတယ်။
နိုင်ငံပျောက်သူ၊ Guilty as Alive!၊ မပြီးသေးဘူး ငါတို့ အလှည့်ကျန်သေးတယ် ဇာတ်ကားတွေက သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေဖြစ်တယ်လို့ဆိုပါတယ်။
Artists’ Shelter ရဲ့ရှေ့ဆက်မယ့် အစီအစဉ်တွေအတွက် အဖွဲ့ဝင်တွေခေါ်ယူဖို့ ဖေ့စ်ဘွတ်ခ်ကအသိပေးသွားမှာဖြစ်တာကြောင့် ပေ့ခ်ျလေးကို Like နဲ့ Share ပြုလုပ်ပေးဖို့လည်းတောင်းဆိုထားပါတယ်။
ဒီလုပ်ဆောင်မှုအပေါ် ကဗျာဆရာအောင်ဝေးက ခံတပ်တစ်ခုတည်ဆောက်တာဖြစ်တယ်လို့ ဆိုထားပြီး “အောင်ဝေးကိုစာရင်းတို့ထားလိုက်ပါ။ ထမင်းအိုးထမ်း၊ ဟင်းအိုးထမ်း လိုအပ်တဲ့နေရာကပါဝင်ကူညီပါ့မယ်။ ဒါဟာခံတပ်။” လို့ မှတ်ချက်ပေးထားပါတယ်။