ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာ ၃ ရွာမှ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ ဇွန်လ ၉ ရက်နေ့၌ S&C မီးဘေး စစ်ဘေး ပညာရေးကူညီ စောင့်ရှောက်ရေး အဖွဲ့က ဆန်၊ ဆီနှင့် ဆား များလှူဒါန်း ခဲ့ကြောင်း သိရသည်။
S&C မီးဘေးစစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့သည် မြို့နယ် ၆ မြို့နယ် ရှိ ကျေးရွာ ၄၆ ရွာမှ အိမ်ထောင်စု ၂၀၅၄ စု အတွက် ဆန်၊ ဆီနှင့် ဆား များ ပေးအပ် လှူဒါန်းခဲ့ပြီး ကျန်ရှိနေသော မြို့နယ်များနှင့် ကျေးရွာများမှ အိမ်ထောင်စု ၅၀၀၀ ပြည့်မှီအောင် ဝေမျှသွားမည်ဖြစ်သောကြောင့် ပြည်သူများမှ တတ်နိုင်သမျှ ပါ၀င် လှူဒန်းပေးရန် မေတ္တာ ရပ်ခံအပ်ကြောင်း S&C အဖွဲ့က ထုတ်ပြန်ထားသည်။