စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသခံပြည်သူတွေက အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာပြုလုပ်ခဲ့ ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “ တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” စာသား ကိုင်ဆွဲပြီး ဆန္ဒပြချီ တက်ခဲ့ကြပြီး ပြည်သူတွေကို မုန်တိုင်းအန္တရာယ် သတိပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေတာပါ။