စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယကြိမ်မြောက်ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တနင်္သာရီတိုင်းက ဝင်ရောက်ဖြေဆိုသူ ၃၉၀၇ ဦးရှိခဲ့ပြီး အောင်မြင်သူ ၂၆၅၈ ဦး ရှိခဲ့ပါတယ်။ ရာခိုင်နှုန်းအရဆိုရင် ၆၈.၀၃ ရာနှုန်း အောင်မြင်ခဲ့တာဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာ ဘာသာစုံဂုဏ်ထူးထွက်သူက ၉ ဦးအထိရှိခဲ့ပြီး ဂုဏ်ထူးထွက်သူ စုစုပေါင်း ၁၀၉၃ ဦး ရှိပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အောင်ချက်ရာနှုန်း ၆၈.၈၇ ရာနှုန်းရှိနေပြီး စစ်တပ်အာဏာမသိမ်းခင်က နှစ်စဥ်အောင်ချက်ရာနှုန်းအနည်းဆုံးဖြစ်လေ့ရှိတဲ့ ချင်းပြည်နယ်ဟာ ဒီနှစ် တစ်နိုင်ငံလုံးမှာ အောင်ချက်တတိယအများဆုံးနဲ့အောင်မြင်ခဲ့ပါတယ်။