ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်ဘေးရှောင် ပြည်သူများသည် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စုမှ ပြည်သူများဖြစ်ပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
“စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ ယာယီစစ်ဘေးရှောင်မဟုတ်ဘဲ ရက်ရှည်မည့် အနေထားမှာ ရှိနေပါတယ်။ စားရေးသောက်ရေး အခက်ခဲလည်း ဖြစ်နေပါတယ်။ စကစ အနေနဲ့ကလည်း ညောင်ပင်ကြီးက ရွာတွေကို ဆက်တိုက် မီးရှို့နေပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောဆိုပါသည်။