မွန်ပြည်နယ်အခြေစိုက်၊ သထုံ ပကဖ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲအနေဖြင့် မိမိတိုအခြေ ပြုရာဒေသအတွင်းရှိ KNU/KNLA၊ PDF တပ်ဖွဲများဖြင့် ပူးပေါင်းစစ်ဆင်ရေးများ ဆောင် ရွက်ခြင်း၊ စကစ ဒေါက်တိုင်များအား ရှင်းလင်းခြင်း၊ မြို့ပေါ်ရဲစခန်းများအားသွားရောက်တိုက်ခိုက်ခြင်း နယ်မြေတွင်း စစ်တပ်ကင်းများကို လက်နက်ကြီးလက်နက်ငယ်များ Drone များဖြင့်သွားရောက်တိုက်ခိုက်လျက်ရှိရာ တော်လှန်ရေးအရှိန်မြှင့်ရေး ပြည်တော်ဝင်ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ကြရန် မေတ္တာရပ်ခံလိုက်သည်။
ကမ်ပိန်းတွင် 5.56 ကျည် ၂ သောင်း နှင့် ၄၀ မမ ကျည် ၂၀၀ ရရှိရေး ရည်ရွယ်ထားပြီး ရှေ့တန်းထွက်ရဲဘော်များ ကျည်ဆံအတွက် အပူအပင်မရှိဘဲ တိုက်ပွဲဝင်နိုင်ရေး အတွက် ပြည်သူအားလုံးပူးပေါင်းပါဝင်ပေးကြရန် အထူးမေတ္တာရပ်ခံကြောင်း၊ ဆက်သွယ်လှူဒါန်းလိုသူများ အနေဖြင့် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ https://www.facebook.com/profile.php?id=100079080946213 မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
ကမ်ပိန်းတွင် 5.56 ကျည်တစ်တောင့် ထိုင်းဘတ် ၄၅ မှ ၅၀ အကြား၊ ၄၀ မမ ကျည်တစ်လုံး ထိုင်းဘတ် ၂၅၀၀ နှင့် ၃၀၀၀ အကြား ဖြင့် ကမ်ပိန်းကာလ ဇွန်လ ၁၀ ရက်နေ့မှ ဩဂုတ်လ ၁၀ ရက်နေ့ အထိ ဖြစ်ကြောင်း သိရှိရသည်။