မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ယာဥ်တန်းနှင့် ကင်းပုန်းတို့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဇွန်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပခုက္ကူ မှထွက်လာသော စစ်တပ် ယာဥ်တန်းကို လုံခြုံရေးယူထားသည့် သရက်ကန် ပျူစောထီး ကင်းပုန်းကို တွင်းမရွာနှင့် သရက်ကန်ရွာ အကြားတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် တွင်းမရွာနှင့် သရက်ကန်ရွာ အကြားတွင် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း၁ – တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ( ဂဠုန်) ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ ၊ KMDF တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။