စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က မိုခါမုန်တိုင်းသင့် အိမ်ထောင်စု ၇၈၁ဦးအတွက် မိုးကာတွေကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က လှူဒါန်းပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒီပဲယင်းမြို့နယ် မိုခါ မုန်တိုင်းကြောင့်ဆုံးရှုံးမှုခံခဲ့ရတဲ့ တောင်သူဦးကြီးများအတွက် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ၆ ကြိမ်မြောက် မိုးကာ တွေကို အိမ်ထောင်စု ၁၀၆စု အတွက် ထပ်မံ မျှဝေလှူဒါန်းခဲ့ပါတယ်။
လက်ရှိအချိန်အထိ မိုးကာလှူဒါန်းခဲ့တဲ့ အိမ်ထောင်စုပေါင်း ၇၈၁ စု အထိ ရှိခဲ့ပြီဖြစ်ပြီး ဆက်လက်ပြီး လိုအပ်နေတဲ့ မုန်တိုင်းဘေးသင့်ပြည်သူတွေ မိုးကာတွေထပ်မံ လှူဒါန်းရမှာ ဖြစ်တဲ့အတွက် တတပ်တအား ပါ၀င် ကူညီကြဖို့ တိုက်တွန်းထားပါတယ်။