မွန်ပြည်နယ်၊ မော်လမြိုင် သံလွင်တံတားပေါ်တွင် စစ်ကား ၁ စီးက ဆိုင်ကယ် ၂ စီးကို ဝင်တိုက်ရာ ပြည်သူ ၂ ဦးသေဆုံးပြီး စစ်ကားတိမ်းမှောက်ကာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် မော်လမြိုင် သံလွင်တံတားပေါ်၌ လူအပြည့် တင်ဆောင်လာသည့် စစ်ကား ၁ စီးက ဆိုင်ကယ် ၂ စီးကို ဝင်တိုက်ခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသော ပြည်သူ ၂ ဦးသေဆုံးကာ စစ်ကား တိမ်းမှောက်ပြီး စစ်သား ၁ ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။
“တိုက်ခံရတဲ့ ဆိုင်ကယ် ၂ စီးက ပြည်သူ ၂ ဦးသေပါတယ်။ စစ်ကားလည်း မှောက်သွားပြီး စစ်သား ၁ ဦးသေတယ်။ စစ်ကားက မုတ္တမ ဘက်က အတက် ဆိုင်ကယ်သမားက မော်လမြိုင်က အဆင်း တိုက်မိတာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။