စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သာဂရရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ ဇွန်လ ၁၅ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၀၀ ခန့်ပါပြီး ဇွန်လ ၁၅ ရက်နေ့တွင် သာဂရရွာတွင် ညအိပ်ပြီး ယနေ့ နံနက် အစောပိုင်းတွင် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ဒေသပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ပြောကြားသည်။
” သာဂရရွာမှာ ညအိပ်ပြီး ယခုမနက် မီးရှို့နေပါတယ်။ စစ်ခွေးစစ်ကြောင်း သာဂရရွာမှ အနောက်ဘက် ပေလမ်းတစ်လျှောက် ထွက်လာပါပြီ။ သာဂရ ညအိပ်သော ခွေးများ သာဂရမှ ချောင်းဘောင်ဘက် အကုန်ထွက်ပါပြီ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။