မကွေးတိုင်း၊ ရေနံချောင်းမြို့ရှိ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း Yenangyaung Local People’s defence force မှ ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရေနံချောင်းမြို့ရှိ ယာပြင် စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း၊ နံနက် ၆ နာရီခန့်တွင် ရေနံချောင်းမြို့နယ် မြို့မရဲစခန်းရှိ ရဲများ ကော်ဖီ စုသောက်နေစဥ် လက်ပစ်ဗုံး ထပ်မံ ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” ယာပြင် စစ်ဆေးရေး ဂိတ်ကို တိုက်ခိုက်မှုက ရဲခွေး ၁ ကောင်သေတယ်။ မြို့မ ရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှုက ရဲခွေး ၂ ကောင်သေတယ်။ ကျွန်တော်တို့ အလှူငွေ ရရှိမှု အားနည်းနေပါတယ်။ နောက်ပိုင်း mission တွေလုပ်ဆောင်နိုင်ဖို့ ပြည်သူတွေ ပူးပေါင်းကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု Yenangyaung Local People’s defence force မှ ပြန်ကြားရေး တာဝန်ခံကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Yenangyaung Local People’s defence force (Phay Kan Kaung) တပ်ဖွဲ့၊ Chauk Guerrila Force၊ ချောက် ပကဖ နှင့် Mgway Guerrila warfare တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။