စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ သခွတ်တောရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဝက်လက်မြို့နယ်၊ အနောက်ဘက် ဘက်စုံမူးဘောင်အနီး မာလကာခြံမှ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် သခွတ်တောရွာကို ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ ကိုရဲမောင်၏ ဦးခေါင်းကို လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
“သခွတ်တောရွာသားပါ နာမည်က ကိုရဲမော်ပါဗျ။ လက်နက်ကြီး ပစ်တာ ခေါင်းထိပြီး သေရတာပါ။ လယ်ကွင်းနှံ ကျဲနေတုန်း ရမ်းပစ်လို့ သေရတာပါ” ဟု Wetlet Information Network မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများရှိရာ ကျေးရွာများကို အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်နေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။