မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လက်နက်စက်ရုံဖြစ်သော ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ-၂၄ သို့ ရိက္ခာလာပို့သည့် ကားတန်းကို လုံခြုံရေးယူပေးနေသော စစ် ကြောင်း ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားကြောင်း အနောက်လွင်ပြင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ပခုက္ကူမြို့ တပ်မ-၁၀၁မှ ပေါက်မြို့နယ်၊ စကစ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) သို့ ရိက္ခာ ပို့လာသည့် ကားအစီးရေ ၁၂ စီးကို လုံခြုံရေး ပေးရန် ရေပြာကျေးရွာ ဘက်မှ ကမ္မမြို့ဘက်သို့ ပစ်ခတ်ရောက်ရှိလာသော အင်အား ၃၀ ပါ စစ်တပ် ဖောကားကို ပေပါ ပဒေသာ ငါးလုံး၊ ၅ဂါလံပုံး ပဒေသာ ၂လုံး၊ ရှေ့ထွက် ပဒေသာ ၃လုံး၊ စလစ်အိုး ပဒေသာ-၂လုံးတို့ဖြင့် ပခုက္ကူ-မင်းတပ် လမ်းပိုင်း ပခုက္ကူမြို့နယ် အစပ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားကာ အရေးပေါ် ကုသရနေရကြောင်း၊ အင်အား ၃၀ ပါ စစ်သားများ စီးနင်းလာသော အဖြူရောင် ဖောကားသည်မိုင်းထိမှန်၍ ကားတာယာများ၊ ဆီကန်များ ပေါက်ထွက်ပြီး ချက်ချင်း ထိုးရပ်သွားကြောင်း၊ ယင်းကားကို ရေပြာကျေးရွာသို့ ဆွဲယူသွားရကြောင်း သိရှိရသည်။
မိုင်းဆွဲခံရသဖြင့် စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သော်လည်း တော်လှန်ရေး ရဲဘော်များ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။
စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်သည့် စစ်ဆင်ရေးအတွက် ဗိုလ်လရောင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ယမ်းစို ၁ ဖာနှင့် ဆက်စပ် ယ မ်းကြိုး အတောင့် ၁၀၀ ထောက်ပံ့ပြီး ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ် ပကဖ အဖွဲ့များ၊ နှင့် Successful Force-Pauk တပ်ဖွဲ့ တာဝန်ခံ ကိုလိပ်ပြာ တို့က လိုအပ်သည်များနှင့် သတင်းအချက်လက်များ အချိန်နှင့်တပြေးညီ ပေးပို့ကူညီခဲ့ကြောင်း သိရှိရသည်။