ကရင်နီပြည်နယ်၊ ဘောလခဲ ခရိုင်၊ သံလွင်အရှေ့ခြမ်း ဒေသတွေမှာ စစ်ရေး အခြေအနေ တင်းမာနေ တာကြောင့် ပြည်သူတွေ ခရီးသွားလာတာ မပြုလုပ်ဖို့ ဖားဆောင်း PDF က ဒီကနေ့ မေတ္တာရပ်ခံ ထုတ်ပြန်ပါတယ်။
ဖားဆောင်းဒေသ၊ သံလွင်အရှေ့ခြမ်း ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ စတင် ဖြစ်ပွားနေကြောင့်အခုလို တားမြစ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ အတွက် ပြည်သူတွေ အနေနဲ့ ဖားဆောင်း PDF ရဲ့ ထုတ်ပြန်ချက်တွေကို အလေးထား လိုက်နာပေးကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သံလွင့်အရှေ့ခြမ်းဒေသကို စစ်ရေးအရ စိုးမိုးနိုင်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်တွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိ စစ်အင်အား အများအပြားနဲ့ စစ်ကြောင်းထိုး နေတယ်လို့ ဖားဆောင်း PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။