အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ပြည်သူသာ အဓိကဖြစ်တဲ့တော်လှန်ရေးမှာ ပြည်သူအားလုံးပါဝင်ပေးနေလို့ အထူးကျေးဇူးတင်ရပါတယ်” စာတန်း ကိုင်ဆောင်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။