အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ စစ်ရာဇဝတ်သားကို 1.5 Track အစည်းအဝေးတက် ရောက်ဖို့အတွက် ဖိတ်ခေါ်ခဲ့တဲ့ ထိုင်းနိုင်ငံကို Thailand For Burma က ပြင်းထန်စွာ ကန့်ကွတ်ရှုတ်ချတယ် ဆိုပြီး ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
သတင်းထုတ်ပြန်ချက်ထဲမှာ အခုလုပ်ရပ်က အာဆီယံဗဟိုပြု အခြေခံမူများကို ထင်ရှားစွာ ချိုးဖောက်ပြီး အာဆီယံ အသိုက်အဝန်းရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပေါင်းစပ်ညှိနှိုင်းမှုကို ပျက်ပြားစေတယ်ဆိုတာနဲ့ တရားဝင်မှု ကင်းမဲ့ပြီး ရာဇဝတ်မှုများ ဆိုးရွားစွာ ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တစ်ဦးအား ဖိတ်ကြားခြင်းကို လုံးဝလက်မခံဘဲ ချက်ခြင်း ရှုတ်ချရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်အုပ်စုအား ဖိတ်ခေါ်ပါဝင်စေတဲ့ 1.5 Track အမည်ခံ ဆွေးနွေးမှုများကို လုံးဝဖျက်သိမ်းရန် အတွက်လည်း Thailand For Burma က တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ ပေါ်ထွန်းစေရေး အခိုင်အမာ ရပ်တည်ရန် နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းတယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။