ယင်းမာပင်မြို့နယ် ရွှေဥက္ကံ သပိတ်စစ်ကြောင်းက ဒီနေ့မှာ အကြမ်းဖက်စစ်တပ်ကျရှုံးရေးအဖြစ်နဲ့ ချီတက်ဆန္ဒပြ ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ တော်လှန်ပြည်သူတွေက “အဓမ္မကို အမြတ်ဖြတ်တော်လှန် လမ်းမပေါ်က ရွှေဥက္ကံ လူထုသပိတ်စစ်ကြောင်း” ၊ ”အာဏာရှင်စနစ်အမြစ်ဖြတ်ဖို့ ဘက်ပေါင်းစုံကတော်လှန်စို့ ” နဲ့ “မီးရှို့လို့ခန်းခြောက်သွားမယ့်အထဲမှာ အောင်ဆန်းသွေးတွေ မပါဘူး” အစရှိတဲ့ စာသားကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေနဲ့ ချီ တက်ဆန္ဒပြ လှည့်လည်ခဲ့ကြတာပါ။
ဆန္ဒပြတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံး ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြု လုပ်နေတာပါ။