စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်း – တောကြီးမြွေပွေး တပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အကြို ဆုတောင်းနှင့် တော်လှန်ရေး ရန်ပုံငွေ ကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောကြီးမြွေပွေးတပ်ဖွဲ့သည် CRPH OFPနှင့် ပူပေါင်း၍
”မြွေပွေးတစ်ထောင် ကမ်ပိန်း” သိန်းတစ်ထောင်ရှာဖွေနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရ အနေဖြင့် တော်လှန်ရေး အမြန်ပြီးဆုံးရန် ကမ်ပိန်းတွင် ပူးပေါင်းပါဝင်ပေးရန် တောကြီးမြွေပွေး တပ်ဖွဲ့ကထုတ်ပြန်ထားသည်။