ရန်ကုန်မြို့ လူအသွားအလာများတဲ့ နေရာတွေမှာ ဒီကနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ Owl Community နဲ့ Falcon Revolutionaries Team တို့ ပူးပေါင်းကာ “မင်းတို့ကြောက်လို့ အသက် ၇၀ ကျော် အဖွားကြီးကို ထောင်ထဲထည့်ထားတာမလား” ဆိုတဲ့ တော်လှန်ရေး စာသားနဲ့ ပန်းသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မှာ ရန်ကုန်မြို့ လူသွားလူလာများတဲ့ နေရာတွေမှာ စစ်တပ်က အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာတွေ ရှိသလို လှည့်ကင်း၊ ပတ်ကင်းတွေနဲ့ စစ်ဆေးမှုတွေ လုပ်နေပြီး ကမာရွတ်မြို့နယ်မှာ ပန်းရောင်းသူနဲ့ ဝယ်သူ အမျိုးသမီး ၁၂ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မည်သည့်ပန်း အမျိုးအစားကို မဆို အသုံးပြုပြီး လုံခြုံရေး မထိခိုက်စေတဲ့ ပုံစံနဲ့ ပန်းသပိတ်မှာ ပါဝင်ပေးကြပါဖို့ တော်လှန်ရေး အင်အားစုများ နှိုးဆော် ထားပါတယ်။